Personal Website is UP Again!

အရင်တုန်းက ရေးခဲ့ဖူးတဲ့ Website တွေ ဘာတွေရှိပေမယ့် ဒါကိုတော့ Personal အတွက် သီးသန့်နဲ့ ကိုယ်ထင်တာတွေကို ထိုင်ရေးဖို့အတွက် လုပ်ဖြစ်သွားတယ်လို့ဆိုရမယ်။ အရင် Website Data တွေ ရှိပေမယ့် အသစ်ကအစ ပြန်စရင်း ကိုယ်တွေ့တာလေးတွေ ရေးချင်တာလေးတွေကိုရေးမယ်လို့တော့ စိတ်ကူးထားတာပဲ

ပထမဆုံး မဟုတ်သော Personal Website ကိုတော့ ဒီနေ့တစ်ခါ Release လုပ်ခဲ့တယ်ပေါ့။ အရင် တုန်းကတော့ Kiddo Monster နဲ့ Hein Htet Kyaw ဆိုပြီး Personal Website သဘောမျိုးနဲ့ နည်းပညာအကြောင်း ရေးဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် Domain Renewal မလုပ်ချင်တော့တာနဲ့ပဲ ဘယ်နေရာမှ မရေးဖြစ်ခဲ့တာ။ အခုလောလောဆယ်တော့ ရေးချင်စိတ် ဖြစ်လာတာနဲ့ ပြန်ရေးဖို့လုပ်ရင်း။ အရင်တုန်းက သုံးခဲ့တဲ့ static site generators တွေထဲက တစ်ခုဖြစ်တဲ့ goHugo လေးနဲ့ပဲ ပြန်ရေးဖို့အတွက် စိတ်ကူးမိတာဆိုတော့ goHugo နဲ့ပဲ ဒီ Personal BLog မှာ ရေးချင်တာတွေကို တက်တက်ရေးပါအုံးမယ်။

ရေးမယ့်အကြောင်းအရာကတော့ ကဏ္ဍအမျိုးမျိုးကနေ မြင်တဲ့အမြင်တွေဖြစ်ဖြစ်၊ စိတ်ကူးထဲရှိတာကိုဖြစ်ဖြစ်၊ မှတ်သားထားချင်တာတွေကို ဖြစ်ဖြစ် ဒီမှာလာရေးမှတ်ထားမှာမလို့ စာဖတ်ရင်း အတွေး အမြင်တူတာပဲဖြစ်ဖြစ် မတူတာပဲဖြစ်ဖြစ် ဝင်ရောက်ပြီး ဆွေးနွေးသွားလို့ရပါတယ်။ 😆

အခုလောလောဆယ် ဝေမျှဖို့အတွက် အများကြီး စဉ်းစားထားတာတွေရှိပါတယ်။ စဉ်းစားမိသလောက်ကတော့ wooCommerce အကြောင်းပါမယ် Wordpress အကြောင်းပါမယ် Github အကြောင်းပါမယ် goHugo အကြောင်းပါမယ် အခြားသောအရာတွေလဲ ပါနိုင်ပေမယ့် အခုလောလောဆယ်မှာတော့ အဲ့ဒါတွေကို ရေးဖြစ်ဖို့များပါ့မယ်။ အခြားသော အကြောင်းအရာတွေကိုတော့ စဉ်းစားတုန်းပဲ ဆိုတော့ ဖတ်ချင်တာတွေရှိရင် ဝင်ရောက်ဖတ်ဖို့လဲ ပြောချင်ပါတယ်။ 😆 နောက်တစ်ခုကတော့ Just My Thoughts ဆိုတဲ့အကြောင်းလဲ ပါကောင်းပါနိုင်ပါတယ်။ ကျွန်တော့ အတွေးပေါ့၊ စိတ်ကူးယဉ်ဇာတ်ကားတွေ ဖြစ်နိုင်တာတွေ မဖြစ်နိုင်တာတွေကို ချရေးသွားမယ့်ဟာလေးပေါ့။ အဓိက ကတော့ ရေးချင်လို့ ပျင်းလို့ကို ရေးမှာပဲဖြစ်ပါတယ်။ xD

ကဲ Idea ရတာနဲ့ပဲ အခုအချိန် နောက်တစ်ခါ Personal Website လေးကို ပြန်ပြီး Personal Website is Up Again လုပ်မိပြန်ပါပြီ။