Office 365 with Developer Account

Office 365 ကိုဝယ်သုံးလို့ရတာမှန်ပေမယ့် ဝယ်မသုံးနိုင်ပဲ သုံးချင်တဲ့လူတွေအတွက်ကတော့ ရှာရင်းဖွေရင်း ဟိုးအရင်ကည်းက တွေ့ပေမယ့် သေချာမလုပ်ဖြစ်ခဲ့တာကနေ အခုအချိန်မှာ စမ်းကြည့်တော့ ကိုယ့်အတွက် အတော် အသုံးဝင်တာနဲ့ပဲ ပြန်ရှယ်ပေးရရင်တော့ဖြင့်၊ Video Tutorial ကိုကြည့်ပြီးတော့ လိုက်လုပ်ရင်ကို အဆင်ပြေမှာပါ။ အဲ့ဒါကို ထပ်တိုးအနေနဲ့ကတော့ Custom Domain နဲ့ ဘယ်လို connect လုပ်ရမလဲဆိုတာကို ပြောပြေပေးသွားမှာပဲဖြစ်ပါတယ်။

Video Tutorial ကတော့ English လိုဆိုပေမယ့် သေချာလိုက်လုပ်ကြည့်ရင် အတော်ကို လွယ်ကူရိုးရှင်းပါတယ် :“D

အဆင့်တွေအကုန်လုံးပြီးသွားရင်တော့ နောက်တစ်ဆင့်အနေနဲ့ Microsoft Admin Dashboard ကနေတစ်ဆင့် Settings > Domain ကနေပြီးတော့ Custom Domain ကိုထည့်လို့ရပါတယ် ပြီးရင်တော့ သက်ဆိုင်ရာ Record တွေကို DNS ထဲထည့်ရင်တော့ ကိုယ့်အကောင့်က @name.onmicrosoft.com အစား @custom.tld ဆိုပြီးတော့ရသွားမှာပဲဖြစ်ပါတယ်။

Custom Domain ထည့်ထားလိုက်တဲ့အတွက် ကျွန်တော့အကောင့်ဆိုရင်တော့ဖြင့် :“D me@mmprofessx.onmicrosoft.com အစား me@ksvblog.site ဆိုပြီးပဲဖြစ်ပါတယ်။ me@mmprofessx.onmicrosoft.com ကို mail ပို့ရင်လည်း me@ksvblog.site ကိုရောက်မှာဖြစ်ပြီး me@ksvblog.site ဆိုတဲ့ custom domain မရှိတော့ရင် ပို့ထားဖူးတဲ့ mail တွေက onmicrosoft.com Custom domain ထဲမှာ ပြန်ပြီး ကျန်ရှိနေမှာပါ။ Domain သဘောတရားအရကတော့ နာမည်သာဖြစ်လို့ Data တွေကတော့ Sotrage မှာ ပြန်ကျန်နေမှာပါ။

ရတာတွေအနေနဲ့ကတော့

  • 25 users
  • 1TB /user
  • Office 365
  • Other

အပြင်ကို ဝယ်သုံးရတာတွေကို Developer အဖြစ်နဲ့ Test လုပ်ပြီးအသုံးပြုလို့ရသလို ကိုယ်တိုင်လည်း ပါဝင်ကူညီချင်တဲ့လူတွေအတွက်ကတော့ Bug ရှာ Report လုပ်တာတွေလည်း လုပ်လို့ရနိုင်ပါသေးတယ်။ ကျွန်တော့ Target ကတော့ 1TB and Office 365 ဆိုတော့ တော်ပြီပေါ့။ အဟိ xD

Developer account တစ်ခုမှာ ၂၅ ကောင့်နဲ့ Lifetime သဘောမျိုးရတာဆိုတော့ နောက်ထပ် ၂၅ ယောက်ထက် ပိုလိုချင်ရင်တော့ နောက်ထပ် Developer Account တစ်ခုဆက်ဖွင့်ပါပေါ့ မဟုတ်လည်း နောက်ထပ် User အသစ်တိုင်းအတွက် သီးသန့် ပြန်ပြန်ဝယ်ပြီး သုံးလို့ရပါသေးတယ်။ Small Company or Small ngo လေးတွေအတွက်ဆိုရင်တော့ အတော်ကို အဆင်ပြေမှာပါ။ Domain အတွက်က တစ်လကို 15$ ဝန်းကျင်လောက်ပဲဖြစ်လို့ တစ်နှစ်စာကို နှစ်သောင်းကျော် ၃ သောင်းလောက်ပေးဝယ်တာထက်စာရင်တော့ ကိုယ်ပိုင် domain နဲ့ သုံးလိုက်တာကတော့ အတော်ကို အဆင်ပြေစေမှာပါ :“D

xD ရေးမယ် ရေးမယ်နဲ့မရေးဖြစ်တာရယ်၊ Tutorial ကို ကိုယ်တိုင်ပဲ လုပ်ရမလား သူများဟာပဲ ယူသုံးလိုက်ရမလား ဘာလဲ ဘာလဲ စဉ်းစားနေရင်းနဲ့ပဲ ကိုယ်တိုင်လုပ်မနေတော့ပဲ သူများဟာကိုပဲ ရုပ်တည်ကြီးနဲ့ ပြန်ရှယ်ပေးရင်းနဲ့ ဝယ်မသုံးစေချင်တာ မဟုတ်ပေမယ့် ဝယ်မသုံးနိုင်တဲ့ ကိုယ့်လိုလူတွေအတွက် အဆင်ပြေအောင်လုပ်ရင်း …၊ ကိုယ်တိုင်အတွက်လည်း တစ်ချိန် ပြန်ပြန်ကြည့်နိုင်ဖို့အတွက်ကို မှတ်သားထားရင်း။ Domain ဝယ်ဖြစ်ခဲ့တဲ့အတွက်ကတော့ ဒီလို Tutorials တွေကို Notes တွေကို ရေးသားနိုင်တဲ့ Domain လေးတစ်ခုအဖြစ်နဲ့ ဖြစ်ရင်း၊ ဒီ Domain ကကော ဘယ်လောက်ထိပဲ ကြာမလဲမသိတဲ့။ Domain (DNS) Journey လေးအဖြစ်နဲ့၊ ။ Domain တစ်ခုတော့ နှစ်ရှည်လများစွာကြာအောင် သုံးပြီး မှတ်ချင်တာတွေ မှတ်သားနိုင်ဖို့ အမြဲတမ်းနေရာလေးတစ်ခုတော့ အဆင်ပြေကောင်းသွားနိုင်မယ်ထင်ရဲ့ :”)