Domain (DNS) Journey

ခေါင်းစဉ်က ဘာပေးလို့ပေးရမယ်မသိတာနဲ့ပဲ အဆင်ပြေတာကိုပေးရရင်တော့ဖြင့် Domain (DNS) Journey ဆိုပြီးဖြစ်သွားတော့တာပဲ xD တကယ်ကတော့ ကိုယ်ဝယ်ဖြစ်ခဲ့ဖူးတဲ့ Domain Name လေးတွေကို ပြန်ပြီး Lists လုပ်ဖို့အတွက်ရယ် ပြီးတော့ ဘာတွေ လုပ်ခဲ့လည်းဆိုတဲ့ မှတ်ဆုလေးအဖြစ်နဲ့သာ …

တကယ့်တကယ်မှာတော့ Domain ဝယ်ခဲ့ဖူးတာဆိုရင်တော့ အားလုံးပေါင်း ၁၀ ခုလောက်ရှိပြီထင်တယ် အဲ့ဒီထဲက နာမည်အချို့ကိုပဲ မှတ်မိတော့တယ်

  • mmcyber.info
  • mmcyberarmy.org
  • mm-kalilinux.org
  • kiddomonstar.com
  • kiddomonster.com
  • thecoolcreatures.com
  • mmprofessx.com
  • heinhtetkyaw.me
  • ksvblog.site

mmcyber.info_ သူ့ကိုတော့ ပထမဦးဆုံး Domain အဖြစ်နဲ့ Singapore မှာနေတဲ့အသိအကိုတစ်ယောက်ကနေပြီး လက်ဆောင်ပေးတာလေးပါ။ ပထမဆုံးလို့ပြောလို့ရအောင်အထိကို တကယ် မှတ်မှတ်ရရလေးဖြစ်နေတာကတော့ မြန်မာနိုင်ငံမှာ blogspot အချိန်ကာလဆိုတော့ blog လေးတွေရေးရင်းနဲ့ပဲ အဲ့ဒီ Domain လေး Active ဖြစ်အောင် လုပ်ဖြစ်ခဲ့တော့တယ်။ ဒါကလည်း အမှတ်တရအဖြစ်နဲ့ အမြဲရှိနေမယ်ဆိုတာမျိုးပေါ့။ :“D

mmcyberarmy.org ဒီ Domain ကတော့ ၂၀၁၀ လောက်မှာ Hacktivism time လို့ပြောလို့ရအောင် နည်းနည်းလေး လိုက်လုပ်ကြည့်ရင် Internet OP War တွေ လုပ်ကြရင်းနဲ့ mmcyberarmy ဆိုတဲံအဖွဲ့အစည်းအတွက် ဝယ်ဖြစ်သွားတာလေးပေါ့။ ကိုယ်တိုင် ဝယ်ခဲ့လိုက်တာလား သူများဝယ်တာလား မမှတ်မိတော့ပေမယ့် သေချာတဲ့ မှတ်ဉာဏ်လေးတစ်ခုအဖြစ်နဲ့ ကျန်ရှိနေခဲ့တဲ့ အမှတ်တရ Domain ဆိုလည်းမမှားဘူး။ ပါတယ်မပါဘူး မသေချာပေမယ့် ထည့်ရေးထားလိုက်တော့တယ်။ xD

mm-kalilinux.org ဒီ Domain လေးကတော့ Myanmar Kali Linux Organization အတွက် ဆိုပြီးဝယ်ဖြစ်သွားတာလေးပေါ့ Forum တွေကို တော်တော်ရူးသွပ်ခဲ့တာဆိုတော့ Forum ကောင်းကောင်းလုပ်နိုင်ခဲ့မယ်ထင်ပြီးတော့ လုပ်ခဲ့တာဆိုပေမယ့်လည်း Forum မှာ ဝင်ဆွေးနွေးတဲ့လူနည်းတာရယ် မြန်မာနိုင်ငံမှာက Forum တွေပျောက်ကွယ်သွားခဲ့တာကြာခဲ့ပြီဆိုတော့ News and Blog အတွက်လည်း မလုပ်ဖြစ်တော့တာနဲ့ပဲ ဆက်ပြီး ရပ်ခဲ့လိုက်ရတဲ့ Domain လေးတစ်ခုပေါ့။

kiddomonstar.com ဒီ Domain ကတော့ ဒုတိယမြောက် Website တွေထဲကမှ ကိုယ့်ရဲ့ Personal Website အဖြစ်နဲ့လုပ်မယ်ဆိုပြီးတော့ ဝယ်ဖြစ်ပြီး Personal Content တွေ အခုလိုမျိုး Blog တွေရေးဖြစ်ဖို့အတွက် လုပ်ဖြစ်ခဲ့တဲ့ Domain လေးပေါ့။ ဒါပေမယ့်လည်း အမြဲတမ်းမရေးဖြစ်တော့တဲ့အတွက်ကြောင့် သူ့ကိုလည်းရပ်ခဲ့လိုက်ရတော့တယ်။ စာတွေလည်းအရမ်းမရေးဖြစ်ခဲ့တော့တာဖြစ်သလို သိပ်ပြီးတော့လည်း လုပ်စရာတွေမရှိတော့တာနဲ့ပဲ ဆက်မဝယ်ဖြစ်တော့ဘူး။ အကျင့်လို့တောင်ပြောလို့ရအောင်ကို Domain တွေ ဝယ်တယ် ပြီးရင် ဆက်ပြီးတော့ မဝယ်ဖြစ်တော့ခဲ့တဲ့ Domain လေးဆိုလည်းမမှားဘူး။

kiddomonster.com ဒုတိယံပိ Personal Website အတွက် ဝယ်ဖြစ်သွားတဲ့ Domain လေးပေါ့။ ဝယ်ဖြစ်သွားတာကလည်း ပထမ kiddomonstar Domain ကို ဂျပန်က ဘယ်သူတွေမှန်းမသိ ဝယ်သွားလိုက်တာနဲ့ပဲ ပြန်ဝယ်လို့အဆင်မပြေတော့တာနဲ့ နောက်ထပ် Domain အသစ်တစ်ခုဝယ်ဖို့စဉ်းစားရင်းနဲ့ ကိုယ့်ရဲ့ Nickname အစစ်ဖြစ်တဲ့ KiddoMonster ဆိုပြီးတော့ ဝယ်ဖြစ်သွားတာလေးပေါ့။ Domain ဝယ်ဖြစ်ပေမယ့်လည်း စာတော့ ကောင်းကောင်းမရေးဖြစ်ပြန်ပါဘူး။ ဒီတိုင်း ဝယ်ထားတယ်ဆိုတာလေးပဲ ဆိုပေမယ့် ဒါကလည်း အမှတ်တရ Domain တွေထဲက တစ်ခုပေါ့။

thecoolcreatures.com The Cool Creatures ကတော့ Pet တွေနဲ့ဆိုင်တဲ့ Website တွေရေးပြီး IA လုပ်မယ်ဆိုပြီး စဉ်းစားခဲ့ဖူးပေမယ့် မလုပ်ဖြစ်တော့တာနဲ့ Woocomerce Website လေးတစ်ခုနဲ့လုပ်ရင်း Domain ဆက်ပြီးမတိုးဖြစ်တော့ဘူး xD အလကားနေအလကား ကုန်ရမှာဆိုတော့လည်း အကုန်မှ မခံနိုင်တာကိုးလို့ xD ဟိဟိ။

mmprofessx.com Myanmar Profess X (aka) MPX … ဒါကတော့ အစောပိုင်းမှာ မြန်မာနိုင်ငံမှာ Myanmar Adult Forum လေးတစ်ခုကို UI ကောင်းကောင်းနဲ့ လုပ်ရင် ကောင်းမယ်ဟဲ့ဆိုပြီးတော့ လုပ်ဖြစ်သွားတာလေးပေါ့။ ခက်တာကတော့ ပြန်စဉ်းစားကြည့်တဲ့အခါမှာ သူများတွေရဲ့ Privacy တွေ သူများတွေရဲ့ အရှက်သိက္ခာဘာညာတွေနဲ့ နောက်ပိုင်းဖြစ်လာမယ့် စိတ်ညစ်စရာတွေအကြောင်း တွေးမိတဲ့အခါမှာတော့ ဆက်မလုပ်တော့ပဲနဲ့ Shutdown လုပ်ဖြစ်သွားတဲ့ Domain လေးပေါ့။ သူ့ကိုတော့ တကယ်လုပ်မယ်ဆိုပြီး ၂ နှစ်လောက်အထိ သက်တမ်းတိုးခဲ့ပေမယ့် နောက်ထပ်တော့ သက်တမ်းထပ်မတိုးဖြစ်ခဲ့တော့ဘူး။ :”) ဒါပေမယ့်လည်း အဆင်ပြေပါတယ်လေ။

heinhtetkyaw.me ဒီ Domain ကတော့ ကိုယ့်ရဲ့ KiddoMonster domain ရဲ့ Content တွေကို ပြန်ပြီး Recovery လုပ်ပြီး သေချာလုပ်ဖြစ်မယ်အထင်နဲ့ ပြန်ဝယ်ဖြစ်ခဲ့တာလေးပေါ့။ သေချာတောင် မလုပ်ဖြစ်ပါဘူး ဒီတိုင်းပဲ ဝယ်လိုက်တယ် ပြီးရင် ဘာမှ ဆက်မဖြစ်ဘူးဆိုတဲ့ Domain တွေထဲက တစ်ခုပေါ့။ တကယ့်တကယ်မှာတော့ Domain ဝယ်ပြီး စာသေချာရေးတော့မယ် Content တွေ သေချာရေးတော့မယ်ဆိုပြီးတော့ ဝယ်ခဲ့တာလေးပါပဲ။ ဒါပေမယ့်လည်း … ဒါပေမယ့်လည်းပေါ့လေ 😢

ksvblog.site ဒီတစ်ခါ Domain ဝယ်ဖြစ်တာကတော့ Under 1 $ Domain တွေရှာရင်းနဲ့ ဝယ်ဖြစ်သွားတာလေးပေါ့ အဟိ xD Domain ကို 1$ အောက်တွေရှာရင်းနဲ့ သဘောကျလို့ ဝယ်ဖြစ်သွားတဲ့ Domain လေးပေါ့။ နောက်တော့ Office 365 အတွက်လည်း Custom Domain လိုချင်တာနဲ့ အဆင်ပြေအောင်ဆိုပြီး ဝယ်ဖြစ်ရင်းနဲ့ Hugo Website ကို ဆက်ဆက်သွားဖြစ်ဖို့အတွက် ရည်ရွယ်ရင်း နောက်ထပ် Domain တစ်ခုကိုမပြောင်းခင် Domain ဆိုလည်း မမှားဘူး xD .in ကတော့ နောက်ထပ် ဝယ်ဖြစ်မယ့် dns တစ်ခုဆိုလည်းမမှားဘူးလို့ပြောလို့ရတယ်။ ဆိုပေမယ့် နောက်ပိုင်းကတော့ Domain Name တွေ ဆက်ပြောင်းဖြစ်မယ်ထင်တယ်။

အကယ်လို့သာ .in TLD ကိုဝယ်ဖြစ်မယ်ဆိုရင်တော့ သက်တမ်းတွေဆက်တိုးရင်းနဲ့ပဲ ၁၀ နှစ်စာလောက်အထိတောင် ဝယ်ဖြစ်မယ်ထင်ရဲ့ xD .in TlD လေးကိုတော့ တော်တော်လေးကို သဘောတွေ့နေဖြစ်တာတော့အမှန်ပါပဲ။

ဘာပဲပြောပြော တစ်ယောက်ထဲနဲ့ Domain ၁၀ ခုလောက်တော့ ဝယ်ခဲ့ပိုင်ခဲ့ဖူးတာအမှန်ပဲ။ နောက်ကြရင်တော့ သေချာတဲ့ Domain လေးတစ်ခုတော့ နှစ်တွေအကြာကြီး ပိုင်နိုင်အောင် သေချာတဲ့ Domain တစ်ခုတော့ ကောင်းကောင်းဝယ်ရအုံးမယ်။ အခုတော့ လာပြီး Note အဖြစ်နဲ့ လာသိမ်းရင်းနဲ့ပဲ။ ဒါပဲ!။ 😒 😪